မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၂၅ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဒေါ်ကြည်ကြည်စိန် ဦး ဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့၊ ငါးဆူရပ်ကွက်၊ နာမ်တော်ဆင့်ဘုရားကုန်းတော်ပေါ်တွင် ၉.၄.၂၀၂၅ ရက်တွင် သဘာဝဘေးဒဏ်သင့်ပြည်သူ ကျားလူကြီး ၁၃ ဦး၊ မလူကြီး ၁၄ ဦး တို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။