မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင် တိုင်းရင်း ဆေးမှူး ဦးဇော်လင်းထင်နှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့် ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ရှိ တောင်လွှဲ အမကကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ မလူကြီး(၅)ဦး၊ ကျားကလေး(၃၅)ဦး၊ မကလေး(၄၆)ဦး၊ စုစုပေါင်း(၈၆)ဦးနှင့် ပညာပေးဟောပြောခြင်း(၁၅၀)ဦးအားကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။