မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၀-၁-၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေ၊ လက်ထောက်တိုင်းရင်း ဆေးမှူး ဦးနန်းလင်းခိုင်တို့သည် ပန်းယျကျေးရွာရှိ အမက ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား ကလေး (၃၀)ဦး၊ မ ကလေး (၄၀)ဦး၊ စုစုပေါင်း (၇၀) ဦးအား ကွင်းဆင်းဆေးကုသခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။