မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၀-၃-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေ ၊ လက်ထောက်တိုင်းရင်း ဆေးမှူး ဦးနန်းလင်းခိုင် တို့သည် မြန်မာ့တိုင်းရင်းဆေးသမားများနေ့ (တပေါင်းလပြည့်နေ့) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေသဖန်းစာသင်တိုက်သို့ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ရာ သံဃာတော်ကြီး (၃၈)ပါး၊ သံဃာတော်လေး (၁၆)ပါး၊ စုစုပေါင်း (၅၄)ပါးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။