တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန်နှင့် ဆရာမ(၅)ဦး ပါဝင်သော အဖွဲ့သည် ကုလားကျောင်း ကျေးရွာသို့သွားရောက်၍ သဘာဝဘေး(ငလျင်)ဒဏ်သင့်ပြည်သူများးအား (၁၃-၆-၂၀၂၅)ရက်နေ့တွင် ကွင်းဆင်းဆေးဝါးကုသခဲ့ရာတွင် ကျား-လူကြီး(၂၀)ဦး၊ မ-လူကြီး(၅၅)ဦး စုစုပေါင်း(၇၅)ဦး ဆေးကုသပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။