မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၀-၁၂-၂၀၂၄) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန် ဦးဆောင်ပြီး ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မို့မို့ခိုင်တို့အဖွဲ့သည် ကျောက်ဆည်မြို့ အတုလ ဝတီသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ကွင်းဆင်းဆေးဝါးကုသခြင်းများဆောင်ရွက်ခဲ့ရာ သံဃာ (၅) ပါး၊ သီလရှင်ဆရာလေး (၃၁) ပါးတို့အား တိုင်းရင်းဆေးဝါးများဖြင့် ဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။