မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၀-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့် ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ရှိ ရွှေစေတီ ဘိုးဘွားရိပ်သာ၌ သက်ကြီး ဘိုးဘွား ကျား လူကြီး (၁၁)ဦး၊ မ လူကြီး (၂၅)ဦး၊ စုစုပေါင်း (၃၆)ဦးအား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။