မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၈-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးသွင် ဦးဆောင်သော အဖွဲ့သည် မြစ်ဆုံကြီး ကျေးရွာရှိ အမက ကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသခြင်းများဆောင်ရွက် ခဲ့ရာ ကျား ကလေး (၂၆) ဦး၊ မ ကလေး (၃၇) ဦး၊ စုစုပေါင်း (၆၃) ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။