မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာန (၁၅-၉-၂၀၂၄) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့် တို့ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ဆူးကုန်းရပ်၊ ရေနားကျောင်းရှိ ရေဘေးရှာင်ပြည်သူများသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် ကျားလူကြီး(၂၁)ဦး၊ မလူကြီး(၂၉)ဦး၊ ကျားကလေး(၃)ဦး၊ မကလေး(၂)ဦး စုစုပေါင်း (၅၅)ဦး အား ဆေးကုသပေးခြင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။