တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၀-၆-၂၀၂၅)ရက်နေ့တွင် လ/ထတိုင်းရင်းဆေးမှူး ဒေါဖြိုးအိအိဇာ တို့ဦးဆောင်သော အဖွဲ့သည်ကျောက်ဆည်မြို့နယ်၊ ဝေဘူငလျင် ဘေးသင့်ပြည်သူများအား ကွင်းဆင်းဆေးကုသဆောင်ရွက်ရာတွင် ကျားကြီး(၁၆)ဦး၊ မကြီး(၃၆)ဦး ကျားကလေး (၈)ဦး၊ မကလေး(၁၂)ဦး စုစုပေါင်း(၇၂)ဦး ဆေးကုသပေးမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။