မန္တလေးခရိုင် တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ကြည် ဦးဆောင်၍ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ၅-၆-၂၀၂၅ ရက်နေ့ နံနက် (၈)နာရီမှ နေ့လည် (၁၂)နာရီအထိ ချမ်းမြသာစည်မြို့နယ် ၁၀၄ လမ်း၊ ၇၈ လမ်း/၇၉လမ်းကြား ရတနာသီရိကျောင်း၌ ဆေးကုသခဲ့ရာ လူနာ လူကြီးကျား(၁၄)ဦး မ(၃၈)ဦး၊ စုစုပေါင်း(၅၂)ဦး တို့အား ဆေးကုသပေးခဲ့သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။