တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မေဦးသည် (၁၀-၂-၂၀၂၆)ရက်၊ (အင်္ဂါနေ့) နံနက် (၁၁:၀၀) နာရီ အချိန်တွင် ရွာသစ်ကျေးရွာ အခြေခံပညာမူလ တန်းကျောင်းသို့ သွားရောက်၍ “နွေရာသီတွင်ဖြစ်တတ်သောရောဂါများ အကြောင်းနှင့် ၀က်သက်ရောဂါ၊ ရေကျောက်ရောဂါများအကြောင်း” ဆောင်ရန်ရှောင်ရန်များအကြောင်း ကျောင်းသား၊ ကျောင်းသူ ကျား (၄၀)ဦး၊ မ (၆၀)ဦး၊ စုစုပေါင်း (၁၀၀)ဦးတို့ကို ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကျား (၂၀)ဦး၊ မ (၅၀) ဦး၊ စုစုပေါင်း (၇၀)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

