မကွေးတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ပခုက္ကူမြို့မှ ဆေးရုံအုပ် ဒေါ်အေးအေး၊ ဒုတိယဆေးရုံအုပ် ဒေါ်စီစီဝင်း နှင့် အဖွဲ့သည် (၂၅.၁.၂၀၂၄) ရက်နေ့ တစ်နေ့တာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီး၊ ပခုက္ကူမြို့နှင့် ပူးပေါင်း၍ ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားဝန်ထမ်းများအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၃၅)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း(၈၀)ဦး အား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။