the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၆.၁၂.၂၀၂၃)ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်မေသူစော  ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ညိုညိုသန့် ဆေးခန်းအကူဒေါ်ခင်ခင်ဝင်းရီနှင့် မင်းဘူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်မြတ်ဆုဝင်း တို့သည် ပွင့်ဖြူမြို့နယ် ဥယျာဥ်ကျစ်ကျေးရွာ၌ ကွင်းဆင်း ဆေးကုသမှု့ဆောင်ရွက်ခဲ့ရာ လူကြီး ကျား (၁၀)ဦး မ(၂၆)ဦး စုစုပေါင်း (၃၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း