မကွေးတိုင်းဒေသကြီး မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ၁၈-၉-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်စောပြည့်မွန်၊ သူနာပြု -၄ ဒေါ်ဇင်သူ တို့ ဦးဆောင်သောအဖွဲ့သည် မကွေးတက္ကသိုလ် ၊ခွာညိုဆောင် တွင် အဆို၊အက၊ အရေး၊အတီး ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် ယာယီဆေးခန်းဖွင့်လှစ်၍ ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ ကျား (၉) ဦး၊ မ (၁၄) ဦး စုစုပေါင်း လူနာ (၂၃) ဦး ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။