the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်စံသွယ်နှင့်အဖွဲ့သည် ၆-၁၀-၂၀၂၃ ရက်နေ့တွင် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်:၍ ရေနံချောင်း​မြို့ ဆုံတိုက် ရပ်ကွက်ရှိ အ.ထ.က.လည်​ပေါ်ကျောင်း၌ ကျောင်းသူ/ကျောင်းသား (၅၇၀)ဦးအား ကျောင်းကျန်းမာရေး စစ်ဆေး ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ရေချိုးခေါင်းလျှော်ခြင်းနည်းစဥ်များအကြောင်းပညာပေး ဟောပြောခဲ့ပြီး (၅၂)ဦးအား တိုင်းရင်းဆေးများဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်