မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၅-၉-၂၀၂၃ ရက်နေ့တွင် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဝင်အဖွဲ့နှင့် ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်ရှိ အ မက (၆၂) တရုတ်ဘုံကျောင်း၌ ကျောင်းသူကျောင်းသား (၂၅၆)ဦး အား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ (၁၀၂) ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် ရေချိုးခေါင်းလျှော်ခြင်း နည်းစဥ်များအကြောင်း ပညာပေးဟောပြောခဲ့ပြီး (၃၂)ဦးအား တိုင်းရင်းဆေးများဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။