မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် ၁၂-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝက္ကသေး အ.ထ.ကခွဲ ကျောင်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ၃၀ ဦး မ ၃၇ဦး လူနာစုစုပေါင်း ၆၇ ဦးအား အခမဲ့ ဆေးကုသပေးခဲ့ပြီး ၁၂-၁-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ကွမ်းခြံ အ. မ.က မူလွန်ကျောင်း၌ ကျား ၃၀ ဦး မ၂၅ ဦး စုစုပေါင်း ၅၅ ဦးအား အခမဲ့ဆေးကုသပေးခဲ့ပြီး တကိုယ်ရေသန့်ရှင်းရေးနှင့် တိုင်းရင်းဆေးဝါးသုံးသူများ သိကောင်းစရာများ အကြောင်းဟောပြောခဲ့ကြောင်း သိရသည်။