မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊အောင်လံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၀-၆-၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ် ဖြူမာကိုသည် အောင်လံမြို့စခန်းသာဘုန်းတော်ကြီးသင် ကျောင်းသို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ကလေး(၁၅)ဦး မ(၁၄)ဦးစုစုပေါင်း(၂၉ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။