မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄-၅-၂၀၂၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့်အဖွဲ့သည် ရွှေဘုံသာရပ်အေးသီတာ ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျားလူနာ (၇) ဦး၊ မလူနာ (၁၅) ဦး၊ စုစုပေါင်းလူနာ (၂၂) ဦးအား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။