မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၆.၆.၂၀၂၄) ရက်နေ့မှ (၁၀.၆.၂၀၂၄) ရက်နေ့အထိ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်သည် သဒ္ဓသုခီရာပြည့်သာသနာ့ ဗိမ္မာန်တော်၌ စာဖြေသံဃာတော်နှင့် သီလရှင်ဆရာလေးများအား တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျားလူနာ (၂၃) ဦး၊ မလူနာ (၁၇) ဦး၊ စုစုပေါင်းလူနာ (၄၀) ဦးအား ဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။