the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၆-၁၂-၂၀၂၄) မှ (၈-၁၂-၂၀၂၄) ရက်နေ့ထိ နေ့စဉ် မွန်းတည့် (၁၂း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်း ဦးဆောင်သောအဖွဲ့သည် သုံးဆယ့်ခြောက် ကျေးရွာအုပ်စု၊ ဂျုပ္ပင်ကျေးရွာ၊ ဂျုပ္ပင်ရွာဦးကျောင်း (ဓမ္မာရုံ)၌ ကျင်းပပြုလုပ်သောအဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ (စာဖြေဌာန)တွင် တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ရာ ကျား (၂၁) ဦး၊ မ (၅၄) ဦး၊ လူနာစုစုပေါင်း (၇၅) ဦးအား ဆေးကုသမှုပေး နိုင်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း