တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၆.၈.၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉:၀၀ နာရီ အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ အမက (၆၂) တရုတ်ဘုံကျောင်းတွင်ကျောင်းသား ၇၀ဦး၊ကျောင်းသူ ၆၀ဦး၊ စုစုပေါင်း ၁၃၀ ဦးအား ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြော၍ လူကြီး(မ)- ၄ဦး၊ ကလေး (ကျား)-၂၃ ဦး၊ ကလေး (မ)-၂၁ ဦး၊ စုစုပေါင်းလူနာ ၄၈ ဦးအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။