တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၃.၁၀.၂၀၂၄ ရက် (ကြာသပတေးနေ့) နံနက်၁၀:၀၀ နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် အမက (၆)ကျောင်းကုန်း ကျောင်း၌ မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းသား ၃၀ဦး၊ကျောင်းသူ ၂၅ဦး၊ စုစုပေါင်း ၅၅ ဦး အား ရာသီတုပ်ကွေးဖျားရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ အသုံးပြုနိုင်သောဆေးဖက်ဝင်အပင်များအကြောင်း ကျန်းမာရေးအသိ ပညာပေး ဟောပြော၍ လူကြီး (မ)- ၄ဦးကလေး (ကျား)-၁၉ ဦး၊ ကလေး (မ)-၁၇ ဦး၊ စုစုပေါင်းလူနာ ၄၀ ဦး အား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။