မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၆-၈-၂၀၂၄ ရက် ၊ နံနက်၁၀:၀၀ နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်သည် ဇီးပင်ကံရပ်၊ အမက(၁၁၃)ကျောင်းတွင် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းသား ၄၀ ကျောင်းသူ ၃၅ ဦးအား လတ်တလောထိခိုက်ဒဏ်နာနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိ ပညာပေးဟောပြော၍ လူကြီး(မ) ၄ ဦး၊ ကလေး (ကျား)-၁၈ ဦး၊ ကလေး (မ)-၁၅ ဦး၊ စုစုပေါင်းလူနာ ၃၇ ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။