the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မကွေးတိုင်းဒေသကြီး၊မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉-၈-၂၀၂၄) ရက် (သောကြာနေ့) နံနက်၁၀:၀၀ နာရီ အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် အမက (၁) မြို့မကျောင်းတွင် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းသား (၈၅) ဦး ၊ ကျောင်းသူ (၆၅) ဦး၊ စုစုပေါင်း (‌၁၅၀) ဦးအား လတ်တလောထိခိုက်ဒဏ်နာနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ အသုံးပြုနိုင်သောဆေးဖက်ဝင်အပင်များအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး ကလေး (ကျား) -၂၆ ဦး၊ ကလေး (မ)-၁၄ ဦး၊ လူနာစုစုပေါင်း (၄၀) ဦးအား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ