မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၉-၉-၂၀၂၄ ရက် (တနင်္လာနေ့) နံနက်၁၀:၀၀ နာရီ အချိန်တွင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် အမက (၅) အိုးဘိုကျောင်းတွင် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းသား ၅၀ ဦး၊ ကျောင်းသူ ၅၀ ဦး၊ စုစုပေါင်း ၁၀၀ ဦး အား လတ်တလောထိခိုက်ဒဏ်နာနှင့်ပတ်သက်၍ လုပ်ဆောင်ရမ ည့်အချက်များ၊ အသုံးပြုနိုင်သောဆေးဖက်ဝင်အပင်များအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြော၍ လူကြီး(မ)- ၃ဦး၊ ကလေး (ကျား)-၂၀ ဦး၊ ကလေး (မ)-၁၇ ဦး၊ စုစုပေါင်းလူနာ ၄၀ ဦးအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။