မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၇-၁-၂၀၂၅) ရက် (သောကြာနေ့) နံနက် (၉:၃၀) နာရီ အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် အမက (၁)မြို့မကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား (၄၅) ဦး၊ ကျောင်းသူ (၅၅) ဦး၊ စုစုပေါင်း (၁၀၀) ဦးအား “မိမိပတ်ဝန်းကျင်ရှိလက်တွေ့အသုံးချနိုင်သောဆေးဖက်ဝင်အပင်များ အကြောင်း” အသိပညာပေးဟောပြော၍ လူကြီး (မ) (၃) ဦး၊ ကလေး (ကျား) (၂၀) ဦး၊ ကလေး (မ) (၁၇) ဦး၊ လူနာစုစုပေါင်း (၄၀) ဦး အား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရပါသည်။