မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၄-၁-၂၀၂၅)မှ (၁၇-၁-၂၀၂၅) ရက်နေ့ထိ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာဝင်းသည် သာသနာ့ဗိမ္မာန် ပရိယတ္တိစာမေးပွဲဖြေဆိုရာတွင်သံဃာ (၁၄) ပါး၊ ကျား (၁၃) ဦး၊ မ (၃) ဦး၊ စုစုပေါင်း (၃၀) ဦး အား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။