မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ၊ မကွေးမြို့မှ ၁၀-၅-၂၀၂၄ ရက်နေ့တွင် ဆေးရုံအုပ် ဦးကျော်စိန်၊ တိုင်းရင်းဆေးမှူး ဒေါ်ခင်နှင်းပွင့်နှင့် တာဝန်ကျ ဝန်ထမ်းများအဖွဲ့သည် (မကွေးမြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်း ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ အဘိုးအဘွား ကျား (၄) ဦး၊ မ (၁၆) ဦး စုစုပေါင်း လူနာ (၂၀) ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။