မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၈.၃.၂၀၂၄ ရက် နေ့လယ်ပိုင်းတွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့်အဖွဲ့သည် အေးစေတီရပ်ဓမ္မာရုံ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၅) ဦး၊ မ (၂၅) ဦး စုစုပေါင်း လူနာ (၄၀) ဦးအား ဆေးကုသပေးခဲ့ ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်မှ "အရိုးကျီးပေါင်း ရောဂါအကြောင်းသိကောင်းစရာ" ခေါင်းစဥ်ဖြင့် တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။