မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၈.၁.၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့်အဖွဲ့သည် ငွေဘုံသာရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား ၃၃ဦး၊ မ ၄၀ ဦး ကလေး-ကျား ၂ဦး၊ ကလေး-မ ၂ဦး၊ စုစုပေါင်းလူနာ ၇၇ဦး အား ဆေးကုသပေးခဲ့ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် မှ "အကြော၊အရိုး၊ အဆစ် ရောဂါများအကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။