မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စံသွယ်နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းအဖွဲ့သည် ၁၈.၉.၂၀၂၄ ရက် နေ့လယ်ပိုင်းတွင် ငွေဘုံသာရပ် အေးသီတာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား ၅ ဦး၊ မ ၂၇ ဦး စုစုပေါင်းလူနာ ၃၂ ဦး အား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။