မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၆-၁-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟန်စုကျော်နှင့်အဖွဲ့သည် သာသနာ့ဗိမ္ဗာန်၌ကျင်းပပြုလုပ်သော နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်း အခမ်းအနားတွင် ကျား-၂၂ ဦး၊ မ-၃၀ဦး၊ စုစုပေါင်းလူနာ ၅၂ ဦး အား အခမဲ့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။