မကွေးတိုင်းဒေသကြီး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးကျော်စိန်၊ တိုင်းရင်းဆေးမှူး ဒေါ်နှင်းကေသီတို့ ဦးဆောင်သောအဖွဲ့သည် မကွေးမြို့ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွင် (၁၄-၈-၂၀၂၄) ရက်နေ့ နံနက် (၉) နာရီအချိန် တွင် ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၃၈) ဦး၊ စုစုပေါင်း (၅၁) ဦး တို့အား ကွင်းဆင်း ဆေးကုသမှုပေးခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။