မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂.၆.၂၀၂၄) ရက်နေ့မှ (၁၀.၆.၂၀၂၄) ရက်နေ့အထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မေဦးသည် သာသနာ့ဗိမ္မာန်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုခြင်းတွင် တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျားလူနာ (၂၉) ဦး၊ မလူနာ (၆) ဦး၊ စုစုပေါင်းလူနာ (၃၅) ဦးအား ဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။