မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်သည် (၁၇-၇-၂၀၂၄) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရွှေဘုံသာရပ် အေးသီတာ ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသခဲ့ရာ ကျား (၅) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်းလူနာ (၂၀) ဦးတို့အား ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။