ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၂-၇-၂၀၂၅ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်နှင့် ပြင်ပလုပ်သား ဒေါ်မျိုးပပဝင်း တို့သည် ရေအိုးစဉ်ကျေးရွာအုပ်စု ရေအိုးစဉ်ကျေးရွာသို့ တိုင်းရင်းဆေးဝါးများဖြင့် ကျန်မာရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရရာတွင် လူနာဦးရေ ကျား ၉ ဦး မ. ၂၆ဦး စုစုပေါင်း ၃၅ဦးကို ကွင်းဆင်းဆေးကုသခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း နှင့် အများဆုံးကုသ ပေးခဲ့သော ရောဂါမှာ အဆစ်နာ ဒူးနာ ခါးနာ ရောဂါဖြစ်ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။