the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် (တပေါင်းလပြည့်နေ့) ခရစ်နှစ် ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကျရောက်သော တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်း လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းရင်းဆေးပညာရှင်ဝန်ထမ်းများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ တိုင်းရင်းဆေးသမားတော်များတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အမှာစကားပြောကြားရာတွင်-

ယခုလို တပေါင်းလပြည့်နေ့ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့မှာ ရှေ့ခေတ် အဆက်ဆက်က တိုင်းရင်းဆေးသမားတော်ကြီးများရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နှင့် ကျေးဇူးတရားတွေကို မျိုးဆက်သစ် လူငယ် တိုင်းရင်းဆေးသမားတော်များ မမေ့မလျော့ကြရန်နှင့် ကျေးဇူးတရားကို သတိတရနေစေရန် လိုအပ်ကြောင်း၊ နေပြည်တော်မှာ ကျင်းပနေသလို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှာလည်း ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ဒီနေ့ အခမ်းအနားမှာ နိုင်ငံတော်မှ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသည့် တိုင်းရင်းဆေးသမားတော်ကြီး (၂)ဦးကို တိုင်းရင်းဆေး ပညာဦးစီးဌာနက ထပ်ဆင့်ဂုဏ်ပြုသွားမှာဖြစ်ကြောင်း၊ တိုင်းရင်းဆေးလောကအတွက် စံပြုထိုက်တဲ့ ဆေးဆရာကြီးများကို စံနမူနာယူပြီး အနာဂါတ် တိုင်းရင်းဆေး လောကဖွံ့ဖြိုးတိုးတက်အောင် မျိုးဆက်သစ်တိုင်းရင်းဆေးဆရာများက ကြိုးစား ဆောင်ရွက်ကြကာ ပြည်သူလူထု၏ ကျန်းမာရေးလုပ်ငန်းများကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှစ်စဉ်တပေါင်းလပြည့်နေ့ ရောက်တိုင်း မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားများကို အစဉ်အလာမပြတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက တပေါင်းလပြည့် တိုင်းရင်းဆေးသမားတော်နေ့အကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပေးပါသော ပြည်ထောင်စု ဝန်ကြီး(ငြိမ်း) ဒေါက်တာမြတ်မြတ်အုန်းခင် နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တို့အား မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း(ဗဟို) ဥက္ကဋ္ဌဦးစိုးဝင်းက သမားတော်နေ့ အထိမ်းအမှတ် အမှတ်တရပစ္စည်းကို နေရာ လက်ရောက်ပေးအပ်ခဲ့ပါသည်။

 ယင်းနောက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိသူ တိုင်းရင်းဆေးသမားတော်ကြီး ဦးဉာဏ်လွင်နှင့် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဆရာကြီး ဦးဝထွန်းတို့အား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရပစ္စည်းများကို တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါ) တို့အား တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အမှတ်တရ ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ရရှိသူ ဆရာကြီး ဦးဝထွန်းက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ
အအေးမိဖျားနာတုပ်ကွေးရောဂါမဖြစ်မီ ကြိုတင် ကာကွယ် ဂရုစိုက်နေထိုင်သင့်
ဆ ေးဖက်အသ ေးဝင် ဆပေါက်ပင