the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နေပြည်တော်ကောင်စီဉက္ကဌ ဉီးသန်းထွန်းဦး ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာတွင် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေးခြင်း

ကျန်းမားရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ၂၀၂၄ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖို ကျေးရွာတွင် အထူးကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဉက္ကဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဇေယျာသီရိခရိင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဇေယျာသီရိမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်ပြသည့်လူနာများအား တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာနှင့် အနာရောဂါကင်းရှင်းပြီး ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် အကြီးတန်းတိုင်းရင်းဆေးမှူ ဒေါ်သန္တာအောင် က မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများကို ကားကွယ်ခြင်း၊ ကုသခြင်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ဆေးကုသရေးအစီအစဉ်တွင် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော ဆေးကုသရေးအဖွဲ့ဝင်(၉)ဦးတို့က တိုင်းရင်းဆေးဝါးများဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင် အဆစ်နာရောဂါများ၊ ထုံနာ၊ ကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ အာရုံကြောအားနည်းရောဂါများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ (၁၆၅)ဦးကို လိုအပ်သော  ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင် ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး ကျေးရွာဉက္ကဌနှင့် ရပ်မိရပ်ဖများ၊ ဇေယျာသီရိခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး    စောင့်ရှောက်ရေးအဖွဲ့တို့မှ ဆေးကုသရေးအစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ
အအေးမိဖျားနာတုပ်ကွေးရောဂါမဖြစ်မီ ကြိုတင် ကာကွယ် ဂရုစိုက်နေထိုင်သင့်
ဆ ေးဖက်အသ ေးဝင် ဆပေါက်ပင