တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင် တိုင်းရင်းဆေးကုဌာနမှ (၉.၈.၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ညွန့်ညွန့်ခင်သည် ပျဥ်းမနားမြို့စက်ရုံပရဟိတကျောင်းတွင် လူကြီး(ကျား) ၃၁ဦး လူကြီး (မ)၁၇ဦး ကလေး(ကျား)၂၀ဦး ကလေး(မ)၁၀ဦး စုစုပေါင်း ၇၈ဦး တို့အားကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပါကြောင်းနှင့် အများဆုံးကုသပေးခဲ့သောရောဂါမှာ ဝဲ၊ယားနာ ဖြစ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။