ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၉-၂-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်နှင့်အဖွဲ့သည် လယ်ဝေးမြို့ ဒိုးနွယ်ကျေးရွာ သန္တိသုခရွေမေတ္တာ ကျောင်းတိုက်တရားစခန်းသို့သွားရောက်၍ ယောဂီ ကျား (၁) ဦး၊ မ (၃၇) ဦး၊ စုစုပေါင်း (၃၈) ဦးအား ဆေးဝါးကုသပေးခြင်းနှင့် ဆေးလှူဒါန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။