ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ၆.၄.၂၀၂၅ နေ့တွင် ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေသည် ပြည်မြို့ ခေတ္တရာဘိုးဘွားရိပ်သာရှိ အဘိုး ၅ ဦး အဘွား ၁၄ ဦး စုစုပေါင်း ၁၉ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု့ ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။