the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့်ပဲခူးတိုင်းဒေသကြီး  တိုင်းဒေသကြီးဦးစီးဌာနမှူး ၏ လမ်းညွှန်မှူ့ဖြင့် ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၈-၆-၂၀၂၅)ရက်နေ့တွင် ခရိုင်ဦးစီးဌာနမှူး ဒေါ်ခိုင်ဝါဝါအောင်သည် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စားသုံးသူရေးရာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အောင်ဆန်းအထက်တန်းကျောင်းတွင်ကျောင်းသား(၁၀၃)ဦး၊ ကျောင်းသူ (၁၀၁)ဦး စုစုပေါင်း (၂၀၄)ဦးအား ဥတုဘောဇနသင်္ဂဟကျမ်းလာကျန်းမာစေကြောင်းနည်းလမ်းကောင်း များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးစွမ်းများမြောင်အကြောပေါင်းတစ်ထောင်
အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်