ပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန ၉.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာထွန်းသည် သပြေကုန်းဘိုးဘွားရိပ်သာရှိအဘိုးအဘွားများအား ကွင်းဆင်းဆေးကုသခြင်း ပြုလုပ် ဆောင်ရွက်ခဲ့ရာ ကျား ၂ ဦး မ ၁၅ ဦး စုစုပေါင်း ၁၇ ဦးအားဆေးကုသမှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။