ပဲခူးတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့ ညောင်လေးပင် တိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင် (၁၆.၁၁.၂၀၂၃) နေ့တွင် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်းဆေးကုသခြင်းအား ညောင်လေးပင်တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေငြိမ်းသူ အကြီးတန်းစာရေး ဒေါ်ခိုင်သဇင်ဦးတို့သည် ပြွန်တန်ဆာဘိုးဘွားဓမ္မရိပ်သာရှိ ဘိုးဘွားများနှင့် ဝေယျာဝစ္စကုသိုလ်ရှင်များကို အခမဲ့ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာကျား(၈)ဦး၊ မ(၂၅)ဦး စုစုပေါင်း (၃၃)ဦးအား ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။