ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ( ၁၀-၄-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး (၃)ဦး တို့သည် ရွှေကြို့မြေ ဘိုးဘွားရိပ်သာသို့ အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ပြီး လူနာဦးရေကျား (၈)ဦး၊ မ (၁၄)ဦး စုစုပေါင်း(၂၂)ဦးတို့အား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။