the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ၁၆ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ပညာပေး ဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာနတိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏လမ်းညွှန်မှုဖြင့် (၁၆)ခုတင်ဆံ့တို င်းရင်းဆေးရုံမှ (၁၂-၈-၂၀၂၅)ရက်နေ့တွင်  ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ ၊အကြီးတန်းစာရေး ဒေါ်မြစန်းအေးနှင့် ဒုလထကွန်ပျူတာလုပ်ဆောင်ရေးမှုး ဦးသန့်ဇင်တို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အလက(ခွဲ) ထန်းကုန်းကျောင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်းဆေးကုသခြင်းနှင့် ရာသီတုပ်ကွေးရောဂါအကြောင်း ဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ဟောပြောပွဲတက်ရောက်သူ (၁၀၀)ဦးရေနှင့် ကျောင်းသား/ကျောင်းသူ (၈၂)ဦးအားကွင်းဆင်းဆေးကုသခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း