the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ၊တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏  လမ်းညွှန်မှု့ဖြင့် ၁၀-၇-၂၀၂၄နေ့​တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူဦး​ စောနိုင်ဝင်းထွေး၊ မြိုနယ်တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဒေါ်တင်မင်းချိုတို့ ပူပေါင်းပြီး အောင်ချမ်းသာဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့မိုးရာသီတွင် ဖြစ်တတ်သော သွေးလွန်တုတ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ဟောပြောပြီး တက်ရောက်လာသော ကျောင်းသူ၊ကျောင်းသားများကို မေးခွန်းများမေးပြီး ဆုများပြန်လည်ဂုဏ်ပြုခဲ့ပါသည်။ ဟောပြောပွဲတွင် ကျား(၉၀)ဦး၊ မ(၁၂၀)ဦး၊ စုစုပေါင်း (၂၁၀)ဦး တက်ရောက်ခဲ့ပါပြီး  ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့ရာ ကျား(၄၀) ဦး၊ မ(.၅၀)ဦး စုစု၊ပေါင်း (၉၀)ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း