ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၆-၁၂-၂၀၂၃ ရက်နေ့ နေ့လည်၁း၀၀နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်သည် .အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ကော့ပြတ်ရပ်ကွက်ရှိ မူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ ၇၅ဦး ပညာပေးဟောပြော၍ ကျောင်းသား/ ကျောင်းသူ ၄၈ဦးအား တိုင်းရင်းဆေးဖြင့်ကွင်းဆေးဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။